ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ တက်ရောက်

မန္တလေး ဂျူလိုင် ၅

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်အတူ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင် နှင့်ရမည်းခရိုင်များ၏ ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ခြင်းနှင့်နယ်မြေကွင်းဆင်းလေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး  ဦးဘုန်းမြင့် နှင့် ကော်မတီ အဖွဲ့ဝင်(၄)ဦး တက်ရောက်ခဲ့ကြသည်။