မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကျင်းပ

မန္တလေး ဇွန် ၃၀

          မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။           ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက် လာကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဦးချင်းအလိုက် အပြန်အလှန် မိတ်ဆက်ခြင်း၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းမှ အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေး ပြောကြားခြင်း၊ ချင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေးပြောကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ရုံး လက်ထောက် ညွှန်ကြားရေးမှူး မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်နှင့် ပတ်သက်၍ Powerpointဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ဆိုင်ရာ အတွေ့ အကြုံများအား အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း၊ ထို့နောက် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မန္တလေး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမနှင့် လွှတ်တော်ရုံးအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။