တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

မန္တလေး ဂျူလိုင် ၇

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြား လာသော တိုင်ကြားစာနှင့်ပတ်သက်၍ စီစစ်ခြင်း အစည်းအဝေး ကို (၇.၇.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့် ကော်မတီ အဖွဲ့ဝင်(၄)ဦး တက်ရောက်ကြသည်။