တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၁၀

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို(၁၀.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပရာ ၎င်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့သည်။

          အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို လွှတ်တော်သို့တင်သွင်းခြင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီက “မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လွှတ်တော်သို့အစီရင်ခံစာဖတ်ကြား တင်သွင်းခြင်း၊ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။           မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို(၁၁: ၁၀ ) နာရီအချိန်တွင်ရပ်နားကြောင်းနှင့်အစည်းအဝေး(သတ္တမနေ့)ကို၁၁.၆.၂၀၂၆(ကြာသပတေးနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။