တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာကော်မတီအစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး ဇွန် ၁၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၆)ကို (၁၀.၆.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာကော်မတီ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး  ဦးပါပါလွင်နှင့် ကော်မတီ အဖွဲ့ဝင်(၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။