မန္တလေး ဇွန် ၈
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး (၂/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ရေးရာကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) အပေါ် ကော်မတီအနေဖြင့် လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။






