တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္တနေ့) ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၈

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို(၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် စုစုပေါင်း(၇၄)ဦး တက်ရောက်သည်။ ဆက်လက်၍  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၂)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၁: ၁၀) နာရီ အချိန်တွင် ရပ်နား ကြောင်းနှင့် အစည်းအဝေး (ပဉ္စမနေ့)ကို ၉.၆.၂၀၂၆ (အင်္ဂါနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။