တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၄

      တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၄.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ စုစုပေါင်း(၇၇)ဦးတက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်သည်။ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကော်မတီ(၅) ခု၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြောင်းလဲ / ဖြည့်စွက်တာဝန်ပေးအပ်ရန် အမည်စာရင်းများနှင့်ပတ်သက်၍ လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁:၁၅)နာရီ အချိန်တွင်ရပ်နားကြောင်းနှင့် အစည်းအဝေး (တတိယနေ့)ကို ၅.၆.၂၀၂၆ (သောကြာနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။