၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 မန္တလေး ဇွန် ၃

          ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်း များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက် (၇:၃၀)အချိန်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။           ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး  မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံး၌ တာဝန် ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်း များ၏ သားသမီး(၁၅)ဦးအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များမှ ပညာသင် ထောက်ပံ့စရိတ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲဖျက် ကျောပိုးအိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာ(၆)မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် (၄၅၇၀၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခြင်း၊ ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ခရီးစဉ်တွင် ပေးအပ်ခဲ့သည့် MRTV DTH စလောင်း(၉)ခုကို ဝန်ထမ်းများအား ကံစမ်းမဲ ဖွင့်ဖောက် ပေးအပ်ခြင်း၊ လွှတ်တော်ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။