မန္တလေး ဇွန် ၂
လွှတ်တော်သို့ တင်သွင်းသည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တက်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့တင်သွင်းသည့် အဆို၊ မေးခွန်းများဖြင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရန်များအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဖြည့်စွက်ဆွေးနွေးခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေး ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
















