ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မန္တလေး မေ ၂၆

          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၃) နာရီက မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။           ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း၊ တက်ရောက်လာသူများမှ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးတင်ပြချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။