မန္တလေး မေ ၂၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅.၅.၂၀၂၆)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမငယ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ မှ ဆွေးနွေးခြင်း၊ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူးမှ Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။








