တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၆) (တတိယနေ့)ကို (၂၂.၅.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အတွင်းရေးမှူး ဦးဆောင်းတင်နှင့် ကော်မတီအဖွဲ့ဝင်(၅)ဦး တက်ရောက်ခဲ့ကြပြီး အစည်း အဝေးတွင် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး သို့ လွှတ်တော် ကိုယ်စားလှယ်များမှ တင်သွင်းလာသော ကြယ်ပွင့်ပြမေးခွန်းများနှင့် ကြယ်ပွင့်မပြမေးခွန်းများအား စီစစ်ခဲ့ကြကြောင်း သိရသည်။






