မန္တလေး စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းတာဝန်ရှိသူများမှ ရှင်းလင်း ဖြေကြားခြင်းအခမ်းအနားအား ယနေ့ မွန်းလွဲ(၁:၀၀)နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ရေးရာကော်မတီ များမှ သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။


















