မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ သက်ဆိုင်ရာကော်မတီများအလိုက် မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်များ စိစစ်ခြင်း၊ အစီရင်ခံစာများရေးသားခြင်း (ဒုတိယနေ့) ဆက်လက်ဆောင်ရွက်

မန္တ‌လေး စက်တင်ဘာ ၁၀

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ(၁၀)ခုမှ မန္တလေးတိုင်းဒေသကြီး ၏ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်၊  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်များ စိစစ်ခြင်း၊ အစီရင်ခံစာများရေးသားခြင်းတို့ကို (၁၀.၉.၂၀၂၆)ရက်နေ့ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်ဆိုင်ရာ ရေးရာကော်မတီ အစည်းအဝေးခန်းများ၌ ဒုတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက် ဆောင်ရွက်ကြသည်။