တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ

မန္တ‌လေး သြဂုတ် ၄

          တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို (၄.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၈)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ  စုစုပေါင်း (၇၂)ဦး တက်ရောက်သည်။

          ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၂၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက် သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ “မန္တလေး တိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ နည်းဥပဒေ များကိုပြင်ဆင်သည့် နည်းဥပဒေများ” ဖြန့်ဝေထားကြောင်း ကြေညာသည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို (၁၂:၄၀) နာရီ အချိန်တွင်ရပ်နားပြီး အစည်းအဝေး(ဒုတိယနေ့)ကို ၅.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:ဝဝ) အချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။