မန္တလေး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးတို့မှ ရှင်းလင်း ဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။







