မန္တလေး ဇွန် ၁၉
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၁၉.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေး သို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၇)ဦး တက်ရောက်သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၁)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို နံနက်(၁၁:၀၀) နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ရာ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။



























