မန္တလေး ဇွန် ၁၈
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ (၁/၂၀၂၆) ကို (၁၈.၆.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အတွင်းရေးမှူး ဦးအောင်အောင်ဇော်မျိုး နှင့် ကော်မတီ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ကြသည်။


