တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၁၈          

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် နှင့်လေ့လာသူ(၈၉)ဦး၊ စုစုပေါင်း(၁၆၆)ဦး တက်ရောက်သည်။ ဆက်လက်၍  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၁:၀၅) နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် အစည်း အဝေး (၁၂)ရက်မြောက်နေ့ကို ၁၉.၆.၂၀၂၆ (သောကြာနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့သို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း (၈၉)ဦး လာရောက်လေ့လာခဲ့ကြသည်။