တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးဆိုင်ရာကော်မတီအစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်

မန္တလေး မေ ၂၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး ဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၆)ကို (၂၀.၅.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။           အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အတွင်းရေးမှူး  ဦးဆောင်းတင်နှင့် ကော်မတီအဖွဲ့ဝင်(၃)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် များမှ တင်သွင်းလာသော ကြယ်ပွင့်ပြမေးခွန်းများနှင့် ကြယ်ပွင့်မပြမေးခွန်းများအား စီစစ်ခဲ့ကြကြောင်း သိရသည်။