တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို (၂၀.၅.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

          အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့်စီမံခန့်ခွဲ ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီ(ခ)ဦးကျော်ဆန်း၊ အတွင်းရေးမှူး  ဗိုလ်မှူးကြီး ကျော်စိန်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်(၄)ဦး တက်ရောက်သည်။