ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်သည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေပြုခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးဆန်းဝင်းက ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။












