ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေး တိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်သည်။ ဦးစွာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် မန္တလေးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ကြည်ကြည်ခိုင်မှ ဒေသန္တရစီမံကိန်းရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း၊ မန္တလေးတိုင်းဒေသကြီး ရသုံး မှန်းခြေငွေစာရင်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ရီရီဝင်းမှ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းနှင့် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ဖြည့်စွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။