တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဥ္စမနေ့) ဆက်လက်ကျင်းပ

မန္တလေး စက်တင်ဘာ ၂၉

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး  (ပဉ္စမနေ့) ကို(၂၉.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အစီအစဉ် (၇)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်လေ့လာသူ(၄၉)ဦး စုစုပေါင်း(၁၂၂)ဦး တက်ရောက်သည်။ အဆိုပါ အစည်းအဝေးတွင် “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး” အဖြစ် ဦးဌေးအောင်အား ခန့်အပ်ကြောင်း လွှတ်တော်သို့ကြေညာခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၁၂)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း တို့ကို ဆောင်ရွက်သည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို (၁၁:၀၀) နာရီ အချိန်တွင်ရပ်နားကြောင်းနှင့်   အစည်းအဝေး (ဆဋ္ဌမနေ့)  ကို  ၁.၁၀.၂၀၂၆ (ကြာသပတေးနေ့)  နံနက်(၁၀:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။