တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တ‌လေး နိုဝင်ဘာ ၂၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်  လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ကော်မတီသည် (၁၇.၁၁.၂၀၂၆) ရက်နေ့နှင့် (၁၉.၁၁.၂၀၂၆) ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင်နှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီးနောက် လေ့လာ တွေ့ရှိချက်များအား လွှတ်တော်ဥက္ကဋ္ဌထံသို့ အစီရင်ခံတင်ပြနိုင်ရေးအတွက် အစီရင်ခံစာ ရေးသားခြင်းအား (၂၀.၁၁.၂၀၂၆) ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီ (ခ) ဦးကျော်ဆန်း၊ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ကျော်စိန်ထွန်း၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။