မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းပြုစုရေးအဖွဲ့များ၏ ဥပဒေကြမ်းရေးဆွဲနိုင်ရေး တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မန္တ‌လေး စက်တင်ဘာ ၁၄

          မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းပြုစုရေးအဖွဲ့များ၏ ဥပဒေကြမ်း ရေးဆွဲနိုင်ရေး တွေ့ဆုံပွဲအခမ်းအနားအား ယနေ့မွန်းလွဲ (၂:၀၀) နာရီက မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဥပဒေကြမ်းပြုစုရေးအဖွဲ့များ၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။           ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဥပ‌ဒေကြမ်းပြုစုရေးဆွဲရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဥပဒေကြမ်း(၁)ခုချင်းအလိုက် ဆွေးနွေး တင်ပြခြင်းနှင့်  တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။