မန္တလေး ဇူလိုင် ၁၃
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး(၄/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးပိုအေးနှင့် ကော်မတီအဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြသည်။






