မန္တလေး ဇူလိုင် ၉
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေး ဆိုင်ရာကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြတိုင်ကြား လာသော တင်ပြစာနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ တင်ပြသူများအား ခေါ်ယူတွေ့ဆုံမေးမြန်းခြင်းကို (၉.၇.၂၀၂၆)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာ ကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဦးဇော်အောင်ထက်၊ ကော်မတီအဖွဲ့ဝင်(၅)ဦး၊ အမရပူမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်စောမြိုင် နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။





