တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက်ကျင်းပ

မန္တလေး ဇွန် ၁၆          

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို(၁၆.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၅)ဦး တက်ရောက်သည်။ ဆက်လက်၍  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၉)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၃)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။  ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးက “ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် ’’ အဆိုအား လွှတ်တော်သို့တင်သွင်းခြင်း၊ လွှတ်တော်ဥက္ကဋ္ဌမှ ၎င်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး (နဝမနေ့) ကို (၁၀:၅၅) နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် အစည်းအဝေး (ဒသမနေ့)ကို ၁၇.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပသွား မည်ဖြစ်သည်။