ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပပြုလုပ်

မန္တလေး ဇွန် ၁၁

ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ သဘင်ဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး  တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်းဆွေးနွေးခြင်း၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေဆွေးနွေး ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။