လွှတ်တော် / သတင်းများ/COVID-19 ရောဂါပိုးကူးစက်ခံရသူများအတွက် လှူဒါန်း

COVID-19 ရောဂါပိုးကူးစက်ခံရသူများအတွက် လှူဒါန်း

နေ့စွဲ
1.12.2020
အချိန်

(၁.၁၂.၂၀၂၀)ရက်နေ့ (၁၁၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အမရပူရ မြို့နယ်အတွင်းရှိ COVID-19 ရောဂါပိုးကူးစက်ခံရသူများအတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး + ဒေါ်နွဲ့နွဲ့ဝင်း မိသားစုနှင့် ဦးဌေးအောင် + ဒေါ်သန်းသန်းဝင်း ၊ ဒေါ်မြင့်မြင့်ကြည် ၊ ဒေါ်ဝင်းမာ မောင်နှမတစ်စု မန္တလေးမြို့မှ ၅ပြည်ဝင် ဆန်အိတ် (၇၂)အိတ်၊ ဦးရဲမင်း(ချမ်းသာရကုမ္ပဏီလီမိတက်)နှင့် ဦးထွန်းနိုင်(သက်နိုင်အောင်ကုမ္ပဏီလီမိတက်) မန္တလေးမြို့ မှ ၅ပြည်ဝင် ဆန်အိတ် (၁၄၄)အိတ်နှင့် ကွယ်လွန်သူဇနီး ဒေါ်သင်းသင်းနွယ်နှင့် သား-မောင်ထွန်းနွယ်ဦးတို့ကို ရည်စူး၍ ဦးသိန်းထွန်း၊ သမီး-မပြည့်ပြည့်မွန်(မန်းဗိမ္မာန်ဆောက်လုပ်ရေး ကုမ္ပဏီ) မိသားစု မန္တလေးမြို့မှ    ၅ပြည်ဝင် ဆန်အိတ် (၇၂)အိတ်တို့ကို လာရောက်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်ြမင့်မောင်မှ လက်ခံရရှိခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ အမရပူရမြို့နယ် အတွင်းရှိ COVID-19 ရောဂါပိုးကူးစက်ခံရသူများအတွက် ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။