စာကြည့်တိုက်နောက်ခံသမိုင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်စာကြည့်တိုက်အား ပထမအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းတွင် မြန်မာစာအုပ်အမျိုးအစား(၄၃၉)အုပ် နှင့် အင်္ဂလိပ်စာအုပ်အမျိုးအစား(၁၃)အုပ်၊ စုစုပေါင်း(၄၅၂)အုပ်တို့ဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးရှိ စာကြည့်တိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်သည့်အချိန်မှ စတင်၍ ယနေ့အထိ သုတ/ရသစာအုပ်(၃၂၅၄)အုပ်၊ ဥပဒေ/နည်းဥပဒေ(၁၁၂၁)အုပ်၊ အင်္ဂလိပ်စာအုပ်(၃၅၀)အုပ်တို့အပြင် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပေးပို့သော မှတ်တမ်းများ၊ ဥပဒေပြုစာအုပ်များ၊ စာစောင်၊ မဂ္ဂဇင်းများ၊ နိုင်ငံတော်ပိုင်သတင်းစာ၊ ဂျာနယ်များအား ဝယ်ယူစုဆောင်းထားရှိပါသည်။