ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၆) ပထမနေ့ကို တက်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည့်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီနေ့အစည်းအဝေးကတော့ အရေးပေါ်အစည်းအဝေးဆိုပေမယ့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေကြောင့် အရေးကြီးလို့ ခေါ်ယူ ခြင်း မဟုတ်ပါဘူး။ ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၇ – ၂၀၁၈ ခု ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ရေးဆွဲရမည့် ဘတ်ဂျက်ဘဏ္ဍာငွေ အရအသုံး စာရင်း များကို (၁၀.၁၂.၂၀၁၆) ရက်နေ့မှာ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီလိုအကြောင်းကြားခဲ့တဲ့အတွက် ဒါကိုအချိန်မီပေးပို့နိုင်အောင် ဝန်ကြီးချုပ်ကနေ အရေးပေါ် အစည်း အဝေး ခေါ်ယူပေးဖို့ မေတ္တာရပ်ခံပြီး ဖြစ်ပါတယ်။ အဲ့ဒီတော့ လွှတ်တော်အနေနဲ့ သာမန်အစည်းအဝေး တွေ ဆိုရင်တော့ အနည်းဆုံး(၂၁)ရက် ကြိုတင်ပြီးတော့ ဖိတ်ရပါတယ်။ အထူး အစည်းအဝေး ဆိုရင်တော့ အနည်းဆုံး(၁၅)ရက် ကြိုတင်၍ ဖိတ်ရမယ်။ အခု အရေးပေါ်အစည်းအဝေး ဆိုတော့ ကျွန်တော်တို့ အနည်းဆုံး(၃)ရက် ကြိုတင်ပြီးတော့ ဖိတ်ကြားရမည်။ အဲ့တော့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃(ဃ)မှာ ပြဋ္ဌာန်းထားပါတယ်။ အဲ့တော့ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ ဝန်ကြီးချုပ်က မေတ္တာရပ်ခံ တဲ့အချိန်မှာ (၁၅)ရက်လည်း မမီတော့၊ (၂၁)ရက်လည်း မမီတော့၊ ကျွန်တော်တို့က အရေးပေါ် အစည်းအဝေးအနေနဲ့ နာမည် တပ်ပြီးတော့ ခေါ်လိုက်ရခြင်းဖြစ်ပါတယ်။ အဲ့တော့ အဓိကက ဘဏ္ဍာငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်အနည်းငယ် ပြောလို ပါတယ်။ အဲ့တော့ ဒီရာသီရောက်လာပြီဆိုရင် ဘတ်ဂျက်ရာသီလို့ ခေါ်ပါတယ်။အဲ့တော့ ဘတ်ဂျက်ရာသီ ရောက်လာပြီဆိုရင် ဒီဘဏ္ဍာငွေ အရအသုံး စာရင်းမှာ မလွှဲမသွေ တင်ပြရမှာ ဖြစ်ပါတယ်။ အဲ့တော့ ဒီရာသီ ရောက်ပြီဆိုတာနဲ့ တပြိုင်နက် အခုဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ စာရင်းတွေကို အချိန်မီရေးဆွဲ ထားသင့်ပါတယ်။ ကျွန်တော်တို့ပြည်ထောင်စု အစိုးရအဖွဲ့က တောင်းမှဆိုတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ဒီရာသီရောက်ရင် ဒီစာရင်းဇယားတွေလုပ်ရတော့မယ်ဆိုတာကို သိထားပြီးသားဖြစ်တာမို့လို့ ကျွန်တော်တို့ ဒီစာရင်းတွေကို အချိန်မီရေးဆွဲထားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါ တယ်။ ဘာဖြစ်လို့ ဆိုတော့ ဒီလိုအချိန်မီရေးဆွဲမှသာ ဒီစာရင်းတွေက ကျွန်တော်တို့ လွှတ်တော်ကို တင်တဲ့အခါမှာ လွှတ်တော်က ကိုယ်စားလှယ်များက ဒီစာရင်းဇယားတွေကို လေ့လာသုံးသပ်နိုင် မှာဖြစ်ပါတယ်။ အဲ့ဒီတော့ အချိန်မီမရတဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဒီစာရင်းစာအုပ်တွေ ကလည်း အရေအတွက်က နည်းတာနဲ့ စာရင်းကိန်းဂဏန်းက နည်းတာနဲ့ အဲ့တော့ ဒီအပေါ်မှာ လေ့လာရတဲ့အခါမှာ ရက်တိုတိုအတွင်းမှာ ကျွန်တော်တို့ ပြီးပြည့်စုံအောင် မလေ့လာနိုင်ပါဘူး။ ဒါကြောင့် မို့လို့ ဒီနေ့တင်ပြရမယ့် အစီရင်ခံစာမှာလည်း အချုပ်သဘောမျိုးဘဲ တင်လို့ရပါတယ်။ ဒါမနေ့ကမှ ကျွန်တော်ကိုယ်စားလှယ်အကုန်အစုံ လာရောက်တဲ့ အတွက် မနေ့ကမှဒီစာရင်း ဇယားတွေ လက်ခံရရှိပြီးတော့ ဒါတွေကို လေ့လာသုံးသပ်ခဲ့ရခြင်းဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော့် အနေနဲ့ ဝန်ကြီးချုပ်ကို တိုက်တွန်း ချင်တာကတော့ နောက်နှစ်နောက်နှစ်တွေမှာ ဘတ်ဂျက်ရာသီ ရောက်ပီဆိုတာနဲ့ တပြိုင်နက် သက်ဆိုင်ရာဌာနဆိုင်ရာ ဒီစာရင်းဇယားတွေကို အချိန်မီပို့ ပေးဖို့အတွက် တိုက်တွန်းပေးဖို့ ကျွန်တော့်အနေနဲ့ တောင်းဆိုလိုက်ပါတယ်။ နောက်တစ်ခုက ဒီစာရင်းဇယားတွေ ကျွန်တော် တို့ လေ့လာလိုက်တဲ့အခါမှာ ဘာတွေ့ရသလဲဆိုရင် ဒီဘတ်ဂျက် စီမံကိန်း စာရင်းက သက်ဆိုင် ရာဝန်ထမ်းတွေက သူတို့ဟာသူတို့ ရေးဆွဲတဲ့သဘောတွဖြေစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုယ်စားလှယ်တွေ မိမိတို့ရဲ့ ဒေသဆိုင်ရာတွေမှာ လိုအပ်ချက် တွေ ဒါပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ဒါတွေကို ကျွန်တော်တို့က လေ့လာမှတ်သား ထား ရမှာဖြစ်တယ်။ အခုတင်လာတဲ့ စီမံကိန်းလုပ်ငန်းတွေကျတော့ တကယ်လိုအပ်နေတဲ့ လုပ်ငန်း တွေ မပါဘူးဖြစ်နေတယ်။ အဲ့တော့ ကျွန်တော်တို့က ပြည်သူနဲ့ထိပ်တိုက်တွေ့ရတယ်။ ပြည်သူ့ ကို အာမခံရတယ်။ ကျွန်တော်တို့ လမ်းတံတား လုပ်ပေးမယ်။ ဆေးရုံလုပ်ပေးမယ်။ ကျွန်တော်တို့က အဲ့လိုသာ အာမခံထားရတာ တကယ်တမ်းကျတော့ ဒီစီမံကိန်းတွေဟာလည်း ဒီလုပ်ငန်းတွေမပါဘူး။ နောက်တစ်ခါတင်လာတဲ့ ကျွန်တော်တို့ BE ဆိုတာဟာ တင်လာတဲ့ စာရင်းဇယားက တိတိ ကျကျမရှိဘူး။ ဥပမာ အဆောက်အဦတစ်လုံးဆောက်မယ်၊ ဒါဘယ် မြို့နယ် အတွက်ဆောက်မယ်၊ ဘယ်ခရိုင်အတွက် ဆောက်မယ်၊ ဘာအဆောက်အဦ ဆောက် မယ်၊ ဒါတွေလည်း မပါဘူး။ ကိန်းဂဏန်းမပါဘူး ဘယ်အတွက်ဆောက်မယ်ဆိုတာလည်း မပါဘူး။ မပါတော့ ကျွန်တော်တို့က ဒါတွေသွားပြီး လေ့လာတဲ့အခွင့်အရေး မရှိဘူး။ အဲ့ဒါကြောင့်မို့လို့ ဒီဘဏ္ဍာရေးအချိန် ကျရောက်ပြီ ဆိုရင် အဲ့တော့ စာရင်းဇယားရေးဆွဲတဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များဟာ ပါဝင်ဆွေးနွေးပြီးတော့မှ ရေးဆွဲရဖို့နဲ့ ကျွန်တော်တို့အနေနဲ့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။
