၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄) (စတုတ္ထနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား – မိမိတို့ တိုင်းဒေသကြီးလွှတ်တော် (၁/၂၀၁၄) အစည်းအဝေးဟာ ယနေ့အပါအဝင် (၄) ရက်တာ ကျင်းပခဲ့ပြီး မကြာမီပြီးစီးတော့မှာ ဖြစ်ပါတယ်။ ယခုအထူးအစည်းအဝေးမှာ လွှတ်တော်ရဲ့ ပင်မ တာဝန်အရ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ခဲ့ပြီး တိုင်းဒေသကြီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီရင်ခံစာတို့ကို ဝေဖန်ဆွေးနွေးအကြံပေးနိုင်ခဲ့ပါတယ်။ ယနေ့ အစည်းအဝေးပြီးဆုံးချိန်အထိ ဥပဒေပေါင်း (၂၆) ခု၊ နည်းဥပဒေပေါင်း (၃) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု ပြဋ္ဌာန်းအတည်ပြုနိုင်ခဲ့ပြီး ထိုနည်းတူမှတ်တမ်းတင်ခြင်း (၁၅) ရပ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများရဲ့ ကာလအလိုက် ဆောင်ရွက်အစီရင်ခံစာများကိုလည်း အပြုသဘောဆောင်ပြီး ကောင်းမွန်သော စေတနာများအခြေခံကာ ဝေဖန်ဆွေးနွေးအကြံပြုပေးခဲ့ကြပါတယ်။ ထိုနည်းတူ မိမိတို့လွှတ်တော်များရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ” “ပြည်သူ့ဆန္ဒ …