စာကြည့်တိုက်

စာကြည့်တိုက်၏ဝန်ဆောင်မှုများ(စာငှားစနစ်)

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်ရုံးဝန်ထမ်းများသည် စာကြည့်တိုက်မှ စာအုပ်များအား ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ပြုလုပ်ပြီး စာအုပ်ငှားကဒ် ရရှိပြီးမှသာ စာအုပ်များငှားရမ်းနိုင်မည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ စာကြည့်တိုက်မှ စာအုပ်ငှားရမ်းလိုပါက စာအုပ်(၄)အုပ်ကို ရက်သတ္တပတ်(၂)ပတ် ငှားရမ်းပေးမည် ဖြစ်ပြီး၊ အဆိုပါ ငှားရမ်းခွင့်ရက်ပြည့်ပြီးနောက် စာအုပ်အား ထပ်မံငှားရမ်းလိုပါက သက်တမ်းတိုး(၁)ကြိမ် ရက်သတ္တပတ်(၂)ပတ် ထပ်မံတိုးမြှင့် ငှားရမ်းခွင့်ပြုထားပါသည်။ လွှတ်တော်ရုံး ဝန်ထမ်းများအတွက် စာအုပ်(၂)အုပ်ကို ရက်သတ္တပတ်(၁)ပတ် ငှားရမ်းပေးမည် ဖြစ်ပြီး၊ အဆိုပါ ငှားရမ်းခွင့်ရက်ပြည့်ပြီးနောက် စာအုပ်အား ထပ်မံငှားရမ်းလိုပါက သက်တမ်းတိုး(၁)ကြိမ် ရက်သတ္တပတ်(၁)ပတ် ထပ်မံတိုးမြှင့် ငှားရမ်းခွင့်ပြုထားပါသည်။ စာကြည့်တိုက်တွင် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မန္တလေးသတင်းစာ ၊Daily Eleven၊ The Global New Light Of Myanmar အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်များအား …

စာကြည့်တိုက်၏ဝန်ဆောင်မှုများ(စာငှားစနစ်) Read More »

စာကြည့်တိုက်နောက်ခံသမိုင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်စာကြည့်တိုက်အား ပထမအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းတွင် မြန်မာစာအုပ်အမျိုးအစား(၄၃၉)အုပ် နှင့် အင်္ဂလိပ်စာအုပ်အမျိုးအစား(၁၃)အုပ်၊ စုစုပေါင်း(၄၅၂)အုပ်တို့ဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးရှိ စာကြည့်တိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်သည့်အချိန်မှ စတင်၍ ယနေ့အထိ သုတ/ရသစာအုပ်(၃၂၅၄)အုပ်၊ ဥပဒေ/နည်းဥပဒေ(၁၁၂၁)အုပ်၊ အင်္ဂလိပ်စာအုပ်(၃၅၀)အုပ်တို့အပြင် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပေးပို့သော မှတ်တမ်းများ၊ ဥပဒေပြုစာအုပ်များ၊ စာစောင်၊ မဂ္ဂဇင်းများ၊ နိုင်ငံတော်ပိုင်သတင်းစာ၊ ဂျာနယ်များအား ဝယ်ယူစုဆောင်းထားရှိပါသည်။

လွှတ်တော်လေ့လာရေး

သို့           ဥက္ကဋ္ဌ           မန္တလေးတိုင်းဒေသကြီးလွှတ်တော်           မန္တလေးမြို့ ရက်စွဲ၊ ၂၀    ခုနှစ်၊                  လ        ရက်      အကြောင်းအရာ။       လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာခွင့်ပြုပါရန်တင်ပြခြင်း           (        ) အကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (       )ကြိမ်မြောက် ပုံမှန်အစည်းအဝေး (             )နေ့၊ (     .        .၂၀     ) ရက်နေ့တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ် (      )ဦးအား တက်ရောက် လေ့လာခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါသည်။ စဉ်               အမည်                              မှတ်ပုံတင်အမှတ်                နေရပ်လိပ်စာ ၁။ ၂။ ၃။      ၄။ ၅။ အမည်၊ ——————————— အဖွဲ့အစည်းအမည်၊ ———————————- မှတ်ပုံတင်အမှတ်၊ —————————- ဆက်သွယ်ရန်ဖုန်းနံပါတ်၊ —————————

ရည်ညွှန်းလုပ်ငန်း 

အထူးစာကြည့်တိုက်(Special Library) အမျိုးအစားဖြစ်သဖြင့် လွှတ်တော်ကိုယ် စားလှယ်များအတွက် ခိုင်မာစိတ်ချရသော၊ စစ်မှန်ယုံကြည်ရသော သတင်းအချက်အလက် များ၊ အကိုးအကားများကို ဝန်ဆောင်ဖြည့်ဆည်းပေးနေပါသည်။