Uncategorized

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒသမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား           ယခုဆိုရင် ပထမအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးဟာ မကြာခင်ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ယခုကျင်းပပြုလုပ်တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်များဖြစ်တဲ့ အဆို(၁၂) ခုတင်သွင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ မေးခွန်း (၂၀၀) ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခုနှင့် နည်းဥပဒေ(၁)ခုအား လွှတ်တော်မှ အကြံပြုဆွေးနွေး အတည်ပြုဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ခဲ့ကြခြင်းသည် လွှတ်တော်ရဲ့ အဓိကတာဝန်(၂)ရပ်ဖြစ်သော ဥပဒေပြုခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းညှိခြင်း၊ ကူညီခြင်း(Check and Balance) ဆိုတဲ့ လုပ်ငန်း တာဝန် များကို လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဥပဒေ ပြုခြင်းလုပ်ငန်းမှာ ဥပဒေကြမ်းများကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ တင်သွင်းခြင်း၊ အကြံပြုခြင်း၊ ဆွေနွေးခြင်းများ ပြုလုပ်လျက် ဆောင်ရွက်အတည်ပြုနိုင်ခဲ့ကြပါတယ်။ ထို့အပြင် ဥပဒေနှင့် နှီးနွယ်လျက်ရှိသော တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရသုံးမှန်းခြေငွေစာရင်း လျာထားချက်များ ကိုလည်း …

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒသမနေ့)တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား Read More »

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း

အားလုံးမင်္ဂလာပါ။           တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ မန္တလေးတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တူညီသောအမြင်များနဲ့ ပူးပေါင်း ဆောင်ရွက်ကြပြီး အောင်မြင်မှုများ ရရှိကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်တို့   တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တာဝန်များထမ်းဆောင်ခဲ့တာဟာ ယခု လကုန်တွင် ၁ နှစ်ခွဲ ပြည့်ပါတော့မယ်။ ဒီအချိန်ကာလအတွင်း ကျွန်တော်တို့ဟာ ပြည်သူလူထု အကျိုးပြု လုပ်ငန်းများအတွက် ကျွန်တော်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ကိုယ်စားလှယ် တာဝန်၊ အစိုးရအဖွဲ့ကလည်း အစိုးရအဖွဲ့တာဝန်များကို ကြိုးစားဆောင်ရွက်ခဲ့ကြ ပါတယ်။  နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုများနှင့်အတူ အစိုးရအဖွဲ့သက်တမ်း ပထမနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။  အမှန်တကယ်လည်း အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ …

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ ပြောကြားသည့် မိန့်ခွန်း Read More »

၂၀၁၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-           လွှတ်တော်အစည်းအဝေး ရပ်နားကြောင်းနဲ့ တတိယပုံမှန်အစည်းအဝေးပြီးမြောက် ကြောင်း မကြေညာခင်မှာ ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြလိုတာ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-           ယခုဆိုရင် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ကို ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့က စတင်ကျင်းပခဲ့တာမှာ ယနေ့ ၂၀၁၂ခုနှစ် မတ်လ(၁)ရက်နေ့အထိ (၁၂)ရက်မြောက်နေ့အဖြစ် ကျင်းပနေတာဖြစ်ပြီး လွှတ်တော်ရဲ့ တတိယ ပုံမှန် အစည်းအဝေးကြီး အောင်မြင်စွာ ပြီးမြောက်တော့မည့်နေ့သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။           ယခု ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မန္တလေးတိုင်ဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များဖြစ်တဲ့ အဆိုများတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ဉပဒေကြမ်းများအား တင်သွင်းခြင်း၊ ဉပဒေပြုရေးကော်မတီက လေ့လာအစီရင်ခံ ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက အသေးစိတ်လေ့လာဆွေးနွေးကြပြီးမှ လွှတ်တော်မှ …

၂၀၁၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်မှ ပြောကြားသည့် နိဂုံးချုပ်အမှာစကား Read More »