လွှတ်တော် / သတင်းများ/သက်ပြည့်အငြိမ်းစား ခံစားမည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်စိန်၏ နှုတ်ဆက်ပွဲကျင်းပ

သက်ပြည့်အငြိမ်းစား ခံစားမည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်စိန်၏ နှုတ်ဆက်ပွဲကျင်းပ

နေ့စွဲ
10.11.2020
အချိန်
10:30 AM to 11:00 AM

(၁၀.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်း အဝေးခန်းမငယ်၌ သက်ပြည့်အငြိမ်းစား ခံစားမည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်စိန်၏ နှုတ်ဆက်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းအားလုံးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြစန်းထွေးမှ နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူးများမှ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် သက်ပြည့်အငြိမ်းစားခံစားမည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်စိန်မှ ကျေးဇူးတင် စကားပြောကြားခဲ့ရာ အခမ်းအနားအား (၁၁၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။