လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေ့စွဲ
အချိန်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား (၂၅.၁.၂၀၂၁)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနခွဲ၊ ဌာနစုများအလိုက် ဝန်ထမ်းများမှဆန္ဒဖော်ထုတ်တင်ပြခဲ့ကြသည်။ ၎င်းနောက် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား (၁၁၃၀) အချိန်တွင် ရုတ်သိမ်းခဲ့သည်။