လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေ့စွဲ
14.12.2020
အချိန်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၀န်ထမ်းများ၏ လစဉ်ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား (၁၄.၁၂.၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနခွဲ၊ ဌာနစုများအလိုက် ဝန်ထမ်းများမှဆန္ဒဖော်ထုတ်တင်ပြခဲ့ကြသည်။ ၎င်းနောက် ဥပဒေဌာနမှ ဥပဒေမူကြမ်း ရေးဆွဲရေးလမ်းညွှန်နှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ အခမ်းအနားအား (၁၁၃၀) အချိန်တွင် ရုတ်သိမ်းခဲ့သည်။