လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ

နေ့စွဲ
5.8.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဆဋ္ဌမနေ့)ကို ၅.၈.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြ သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၇)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေး အဖွဲ့ကတင်သွင်းထားသည့် “မန္တလေးတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်း ထားသည့် လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီတို့က ဆွေးနွေးပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ နှင့် ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးအဖွဲ့တို့က ပြန်လည် ဆွေးနွေးကာ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက် ခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်  (၁၉)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၆.၈.၂၀၂၀)ရက် (ကြာသပတေးနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၂၀၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာပြီးမြောက် ခဲ့သည်။