လွှတ်တော် / သတင်းများ/မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါကော်မတီအစည်းအဝေးကျင်းပ

နေ့စွဲ
14.10.2020
အချိန်

(၁၄.၁၀.၂၀၂၀)ရက်နေ့ နံနက်(၁၀၀၀)အချိန်မှ (၁၁၂၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမငယ်၌ တင်ဒါကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တင်ဒါကော်မတီအတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်မှ တင်ပြလာသည့် အဆိုပြုဈေးနှုန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တင်ဒါကော်မတီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြသည်။